fbpx
Internet Security Software

“Internet Security Software 90 Days Free”

2015 နောက်ပိုင်းမှာ Internet အသုံးပြုမှုပိုမိုမြင့်မားလာတဲ့အတွက် နေအိမ်မှ Computer နဲ့ Phone တွေ Tablet မျိုးစုံတွေကိုပါ Internet ချိတ်ဆက်ထားကြတဲ့အတွက် လူကြီးလူငယ်အားလုံး Internet Surfing ကျယ်ပြန့်လာပါတယ်။

Computer နေ့စဥ်အသုံးပြုနေသူတွေအတွက် အခုခေတ်မှာ Internet Security Software တစ်ခုခုအသုံးပြုသင့်တယ်ဆိုတာသိနားလည်ထားပြီးဖြစ်ကြမှာပါ။ Antivirus Software နဲ့တောင်မလုံလောက်ကြတော့ပဲ Internet Security Software လိုအပ်လာကြပါပြီ။ အခုနောက်ပိုင်းတွေမှာ အဓိကထိခိုက်တာက Internet အသုံးပြုမှုကနေပါလာတတ်တဲ့ နောက်ဆက်တွဲ Pishing တွေ Trojan အပြင် Ransomware နဲ့ ထိတဲ့သူတွေ အဓိကများပြားလာပါတယ်။

“Bitdefender Total Security မှာ Multi-layer Ransomware protection ပါဝင်ပါတယ်”

Internet Security Software တွေမသုံးသေးတဲ့သူတွေကိုလည်းသုံးဖို့တိုက်တွန်းပါတယ်။ Annual License မဝယ်ခင်အရင်ဆုံး တစ်လ Free Trial တွေစမ်းသုံးလို့ရပါတယ်။

ကျွန်တော်အကြိုက်ဆုံးကတော့ Bitdefender ပါ။ ဒုတိယ Kaspersky ပါ။ အဲဒီနှစ်ခုအမြဲသုံးလေ့ရှိပါတယ်။ တတိယ Recommend ပေးချင်တာကတော့ Norton ဖြစ်ပါတယ်။ Kaspersky နဲ့ Norton ကတော့ ရန်ကုန်က Computer ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်။

License သက်တမ်းကုန်နေပြီး Expire ဖြစ်ထားသူတွေ အခုမှစသုံးမယ့်သူတွေ အခုကာလမှာ ငွေကိုစိစစ်သုံးချင်သူတွေအတွက် Bitdefender Total Security Software ကို 90 Days Free အသုံးပြုလို့ရပါတယ်။

“Virtual Private Network (VPN)”

ယနေ့ခေတ်အတွက် မိမိ Internet အသုံးပြုတာဟာ သာမန်အသုံးပြုတာထက် ပိုမယ်ဆိုရင် VPN Premium ကိုပါ နှစ်စဥ်ကြေးနဲ့ဝယ်ယူအသုံးပြုတာပိုသင့်ပါတယ်

Internet Security နဲ့ Virtual Private Network (VPN) ကတော့ Security အတွက်ထည့်သွင်းစဥ်းစားမယ်ဆိုရင် မရှိမဖြစ်တွေပါ။

မိဘတွေအနေနဲ့ဆိုရင်လည်းခလေးတွေရဲ့ Interent အသုံးပြုမှုကိုသတိပြုစောင့်ကြည့်ရန် (သို့) ကြပ်မတ်ရန် Parental Control Option ကိုပါအသုံးပြုသင့်ပါတယ်။

“How to get 90 Days Free”

Bitdefender software 90 Days အသုံးပြုဖို့ အခုပေးထားတဲ့ Link ကနေသွားပါ။

Bitdefender Total Security / 90-Day Trial download

1. မိမိ email ထည့်ပြီး password ထစ်ခု သတ်မှတ်ပေးရပါမယ်။ Account Register လုပ်ပြီးရင် Software installer download ဆွဲယူလို့ရပါပြီ။

2. Internet ချိတ်ပြီး download ဆွဲထားတဲ့ software ကို Install လုပ်ပါ။ Direct install လုပ်ပေးပါလိမ့်မယ်။

3. Email inbox ထဲမှာ Bitdefender ကပို့တဲ့ confirm email ကိုဖွင့်ပြီး Verify လုပ်ပါ။ မိမိဖွင့်လိုက်တဲ့ Bitdefender Account နဲ့ Login ဝင်ပါ။ 90 Days Activate ရပါလိမ့်မယ်။

Menu ထဲမှ My Subscriptions ကိုနှိပ်ပြီး Licenses မှာကြည့်နိုင်ပါတယ်။ license end date ကိုပြထားပါလိမ့်မယ်။

90 Days expire ဖြစ်ပြီးရင်တော့ Annual License ကိုဝယ်ယူအသုံးပြုသင့်ပါတယ်။ Bitdefender, Kaspersky, Norton တစ်ခုခုကို အရင်စမ်းသုံးပြီးရင် Annual License နဲ့အသုံးပြုဖို့တိုက်တွန်းပါတယ်။

Good Luck for Everyone 🙂

 

Pin It on Pinterest

Shares
Share This