fbpx

Frequently Asked Questions

HSH Online Learning တွင် မကြာခဏမေးမြန်းလေ့ရှိသောအကြောင်းအရာများကို လွယ်လင့်တကူသိရှိနိုင်ရန် တင်ပြပေးထားပါသည်။

ထပ်မံသိလိုသောအကြောင်းအရာများကို လွယ်လင့်တကူမေးမြန်းနိုင်ရန် အောက်ဆုံးရှိ Message Box မှတဆင့်မေးမြန်းနိုင်ပါသည်။

Online Learning လုပ်ဖို့အတွက် Starting Date သတ်မှတ်ထားပါသလား

Online Learning ဖြစ်တဲ့အတွက် အချိန်မရွေး စတင်သင် ယူလို့ရပါတယ်။ Starting Date ကို ကိုယ်တိုင်သတ်မှတ်ပြီး သင်ယူလေ့ကျင့်လို့ ရပါတယ်။ သင်ကြားမှုတွေအားလုံးအဆင်သင့်ရှိနေပါတယ်။ စတင်လိုက်ရုံပါပဲ။ မြန်မာလိုပဲသင်ပေးထားပါတယ်။ အတန်းထဲမှာသင်တဲ့အတိုင်း အနီးစပ်ဆုံးဖြစ်အောင် သင်ကြားပို့ချပေးထားပါတယ်။ စတင်လိုက်တဲ့နေ့ကစပြီး ပုံမှန်စာလုပ်သင့်ပါတယ်။

Online Learning သင်ယူလေ့ကျင့်ပြီး LCCI နဲ့ ACCA Exam တွေဝင်ဖြေလို့ရနိုင်ပါသလား

HOME SWEET HOME Online Learning မှ သင်ယူတဲ့ပညာရပ်တွေအတွက် အမှန်တကယ်တတ်မြောက်နားလည်အောင် သင်ကြားပို့ချပေးသလို International Exam တွေဝင်ဖြေဖို့အတွက်လည်း Exam Focus ကိုလေ့ကျင့်ပေးထားပါတယ်။ Past Paper practice လုပ်ပေးတဲ့အတွက် Exam ကို ကောင်းမွန်စွာ ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။ LCCI ( UK ) Exam ကိုဖြေဆိုအောင်မြင်ပြီးသူတွေရှိပါတယ်။ ကြိုးစားလုပ်ရင်ဖြစ်ပါတယ်။

HSH Online Learning ကနေဖြေဆိုအောင်မြင်ပြီးသူတွေရှိလား

ပြည်တွင်းပြည်ပကနေ HSH Online Learning ကနေသင်ယူလေ့ကျင့်ပြီး LCCI Level 1 & 2 Bookkeeping & Accounting, Level 3 Accounting, Level 3 Cost & Management Accounting, Level 3 Advanced Business Calculations တွေဖြေဆိုအောင်မြင်ပြီးသူတွေရှိပါတယ်။ လက်ရှိမှာလည်း ပြည်တွင်း ပြည်ပကနေ ဖြေဆိုဖို့သင်ယူနေသူတွေရှိပါတယ်။

LCCI Level 1 & 2 Bookkeeping & Accounting အတွက်ဘယ်လောက်ကြာမလဲ

LCCI Level 1 & 2 Bookkeeping & Accounting အတွက် နေ့စဉ် စာပုံမှန်လုပ်သွားရင် ၃လခွဲ ၄လအတွင်းပြီးမြောက်နိုင်ပါတယ်။ မေးခွန်းဟောင်းလေ့ကျင့်ဖို့ တစ်လလောက်အချိန်ထပ်ယူပြီး ၅လလောက်မှာ စာမေးပွဲဝင်ဖြေရင်သင့်တော်ပါတယ်။ မိမိအနေနဲ့ လိုအပ်ရင်တော့ အချိန်အနည်းငယ်ယူသင့်ရင်ယူပါ။

LCCI Level 3 Course အတွက်ဘယ်လောက်ကြာမလဲ

ပုံမှန်စာလုပ်ရင် LCCI Level 3 Accounting ကို ၃လ အတွင်းပြီးမြောက်သင့်ပါတယ်။ Cost & Management Accounting ကိုတော့ ၄လလောက်အချိန်ယူသင့်ပါတယ်။ Advanced Business Calculations ဘာသာရပ်ကတော့ Accounting နဲ့ CMA ကိုသင်ယူပြီးတော့မှ ကာလတိုလေးအတွင်းမှာသင်ယူနိုင်အောင်လုပ်ပေးထားပါတယ်။ မေးခွန်းဟောင်းလေ့ကျင့်ရပါမယ်။ အဲဒီအတွက် ၅လကျော် ၆လအတွင်းမှာဖြေဆိုနိုင်ပါတယ်။ အခုဖြေဆိုအောင်မြင်သွားတဲ့သူတွေလည်း အဲဒီကာလတွေအတွင်းဖြေဆိုခဲ့ကြတာပါ။

ACCA Part 1 ဘာသာတွေအတွက် ဘယ်လောက်အချိန်ယူရမလဲ

ACCA Part 1 ဘာသာတွေမှာ F2 နဲ့ F3 က LCCI Level 3 ရဲ့အဆက်အနွယ်တွေအများစုဖြစ်နေတဲ့အတွက် သက်တောင့်သက်သာတိုးချဲ့ သင်ယူသွားရုံပါပဲ။ Lecture သင်ကြားမှုနဲ့ Exam Kit Practice အပါ ကာလအားဖြင့် ၄လအတွင်းဖြေဆိုနိုင်ပါတယ်။ ကာလအားဖြင့်လည်း ၅လခွင့်ပြုထားပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လိုအပ်ရင်ကာလထပ်တိုးပေးလို့ရပါတယ်။ အချိန်တော့မဆွဲသင့်ပါဘူး။ Lecture ကိုသင်ယူပြီး မေးခွန်းတွေလေ့ကျင့်ပြီး အမြန်ဆုံးဖြေဆိုလိုက်သင့်ပါတယ်။

LCCI Course အတွက်ကာလသတ်မှတ်ချက်ရှိပါသလား

အချိန်မဆွဲပဲ သင့်တော်တဲ့ကာလအတွင်း ခရီးရောက်စေချင်ပါတယ်။ အဲဒီအတွက် ၆လခွင့်ပြုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ၆လကျော်သွားခဲ့ရင်လည်း သက်တမ်းထပ်တိုးပေးလို့ရပါတယ်။ Online Learning စလိုက်ပြီဆိုရင် စဉ်ဆက်မပြတ် စာပုံမှန်လုပ်သင့်ပါတယ်။

သင်ခန်းစာတွေအတွက် Test စစ်ပါသလား

တခန်းချင်းအတွက် Online Test တွေထားရှိပေးပါတယ်။ Written Tests တွေလည်းဖြေဖို့လိုပါတယ်။ Written Tests တွေဖြေဆိုရာမှာ သတ်မှတ်ချိန်အတွင်း ပြီးအောင်ဖြေဖို့လိုပါတယ်။ အချိန်ကျော်မဖြေသင့်ပါဘူး။ ဖြေထားတာကို Photo ရိုက်ပြီး Email နဲ့ပို့ပေးပါ။ အမှတ်စစ်ပေးပြီးပြန်ပို့ပေးပါတယ်။

စာမေးချင်တာရှိရင်ဘယ်လိုမေးရမလဲ

စာမေးချင်တာရှိရင် Phone, Email, Chat Box, Viber စသည်ဖြင့် အလျဉ်းသင့်သလိုဆက်သွယ်ပြီး သိလိုတာကိုချက်ချင်း ( သို့ ) အမြန်ဆုံးမေးမြန်းသင့်ပါတယ်။ စာမေးချင်တာကိုဆွဲမထားစေချင်ပါဘူး။ သင်တန်းကလည်းအမြန်ဆုံး ဖြေကြားပေးပါတယ်။

သင်ခန်းစာပုစ္ဆာတွေကို PDF နဲ့ ပေးထားပါသလား

Video တခုချင်းရဲ့အပေါ်မှာ သင်ခန်းစာတခုချင်းအတွက် မေးခွန်းနဲ့ အဖြေတွေကို PDF နဲ့တင်ထားပေးပါတယ်။ PDF file ကို Download ရယူနိုင်ပါတယ်။ သင်တန်းအနေနဲ့လည်း စာလုပ်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပို့ဆောင်ပေးလေ့ရှိပါတယ်။

စာဘယ်လိုသင်ယူလေ့ကျင့်ရမလဲ

Online Learning ဖြစ်တဲ့အတွက် Internet ချိတ်ဆက်ဖို့လိုပါမယ်။ တခန်းစတိုင်း Video Lecture တွေကိုသင်ယူပြီး နားလည်သဘောပေါက်ပြီဆိုရင် Exercise Video တွေကိုသင်ယူရပါမယ်။ ပုစ္ဆာချတွက်လေ့ကျင့်ရပါမယ်။ ချမတွက်လေ့ကျင့်မှုမရှိရင်မတတ်မြောက်နိုင်ပါဘူး။ Test တွေဖြေရပါမယ်။ Course တခုလုံးပြီးမှ Past Paper မေးခွန်းဟောင်းလေ့ကျင့်ရပါမယ်။ မေးခွန်းဟောင်းတွေကို အနီးဆုံးကာလတွေကို ဦးစားပေးလေ့ကျင့်သင့်ပါတယ်။ 2017 အချို့နဲ့ 2018 တွေလေ့ကျင့်သင့်ပါတယ်။ နောက်တခုက စာလုပ်တယ်ဆိုရာမှာ ဘာသာအားလုံးမျှနေရပါမယ်။

မေးခွန်းဟောင်းဘယ်လိုလေ့ကျင့်မလဲ

မေးခွန်းဟောင်းဆိုရာမှာ လေ့ကျင့်လမ်းပြပေးရမယ့်ကိစ္စဖြစ်ပါတယ်။ Lecture နဲ့ Exercise တွေသင်ပေးသလိုမဟုတ်ပဲ သိပြီးသားအကြောင်းအရာတွေကို လေ့ကျင့်တွက်ချက်ဖို့ ကျောင်းသူ/သားတွေက 80% လောက်အားထုတ်ရပါမယ်။ လေ့ကျင့်မှုတွေကိုအရင်မကြည့်သင့်ပါဘူး။ မေးခွန်းဖတ် ကိုယ်တိုင် Planning ချ တပုဒ်နာရီဝက်နဲ့ဝင်အောင်တွက်ကျင့်သင့်ပါတယ်။ ပြီးမှ လေ့ကျင့်ပေးထားတဲ့ သင်ခန်းစာကိုပြန်ကြည့် လိုတာပြန်ဖြည့်စွက်ပြီး တခေါက်လောက်ပြန်တွက် မွမ်းမံသင့်ပါတယ်။ အကြောင်းအရာတခုချင်းကိုဖတ်ပြီး ဘာမေးလို့ ဘယ်လိုတင်ပြရမယ် ဘာတွက်ပေးရမယ်ဆိုတာ သိနေရပါမယ်။

စာမလုပ်ဖြစ်တာကြာရင်ရော Remind လုပ်ပါသလား

၂ပတ်ကျော်လောက် စာမလုပ်ဖြစ်တဲ့သူတွေကို သင်တန်းက Email သို့ Phone သို့ Chat Box ကနေဆက်သွယ်ပြီး စာလုပ်ဖို့ Remind လုပ်လေ့ရှိပါတယ်။ တလလုံးနေ့စဉ်မပျက် စာလုပ်တဲ့သူတွေလည်းတကယ်ရှိပါတယ်။ ကျေးဇူးအထူးတင်ပါတယ်။ နေ့စဉ်မလုပ်ဖြစ်တောင် တပတ်မှာ ၅ရက်လောက် စာလုပ်လေ့ရှိသူတွေများပါတယ်။ မိမိကိုယ်ကို Guideline ပေးပြီးလုပ်သွားတာတော်ကြပါတယ်။

သင်တန်းပြီးသွားရင် Certificate ပေးပါသလား

Online Learning သင်ယူခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ စာလုပ်ခဲ့တဲ့ရက်တွေ Test ဖြေခဲ့တဲ့ Record တွေပြန်စိစစ်ပြီး အမှန်တကယ် စာလုပ်ခဲ့တဲ့သူတွေကို HOME SWEET HOME Online Learning Certificate ပို့ပေးပါတယ်။ LCCI International Qualification Certificate နဲ့ Diploma တွေရဖို့အတွက် LCCI ( UK ) Exam ကိုဝင်ရောက်ဖြေဆိုဖို့တိုက်တွန်းပါတယ်။

LCCI ( UK ) Exam ဘယ်လိုစီစဉ်ရမလဲ

LCCI ( UK ) Exam တွေက တစ်နှစ်မှာ ၈ကြိမ်စစ်ပေးပါတယ်။ January, March, April, June, July, September, November, December လတွေဖြစ်ပါတယ်။ HSH သင်တန်းက စာမေးပွဲကြေးသွင်းတဲ့အချိန်နဲ့ တူတူသွင်းပြီးဖြေရင် ရန်ကုန်မှာလည်းဖြစ်မယ်ဆိုရင်တော့ သင်တန်းအနေနဲ့ အတူသွင်းပေးလို့ရပါတယ်။ တခြားအချိန်ဖြေချင်ရင်၊ ရန်ကုန်မဟုတ်ရင် မိမိတို့ဘာသာ British Council မှာ Exam Fees ပေးသွင်းပြီးဖြေဆိုနိုင်ပါတယ်။ နိုင်ငံရပ်ခြားမှာဖြေဆိုသူတွေကတော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ British Council မှာ Exam Fees ကိုပေးသွင်းရပါမယ်။ ၃လခန့်ကြိုသွင်းရလေ့ရှိပါတယ်။

HOME SWEET HOME Online Learning ကအပြင်မှာသင်တန်းဖွင့်ပါသလား

HOME SWEET HOME သင်တန်းကို 2011 မှာစတင်ဖွင့်လှစ်တည်ထောင်ခဲ့ပါတယ်။ LCCI နှင့် ACCA Professional Course များကိုသင်ကြားပို့ချပေးပါတယ်။ 2016 မှာ Online Learning ကိုစတင်ခဲ့ပြီး အတန်းတွင်းသင်တန်းသားများအတွက် Support ပေးခဲ့ပါတယ်။ July 2017 မှာတော့ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားတွေ LCCI နဲ့ ACCA ကို အင်တာနက်ချိတ်ဆက်ပြီး Online ကနေ ၂၄နာရီသင်ယူနိုင်ဖို့ အချိန်နေရာမရွေး သင်ယူနိုင်ဖို့ ကြေငြာလက်ခံခဲ့ပါတယ်။

Online Learning စတင်ဖို့ဘယ်လိုလုပ်ရမလဲ

HSH Online Learning Website မှာ Member Account ဖွင့်ရပါမယ်။ မိမိကိုယ်တိုင် Sign up လုပ်လို့ရပါတယ်။ သင်တန်းကနေ Account ဖွင့်ပေးလို့လည်းရပါတယ်။ Full Name, Full Address, Phone Number, Email တွေပို့ပေးဖို့လိုပါတယ်။ သင်တန်းကိုဆက်သွယ်ဖို့ Contact Page မှတဆင့်ဆက်သွယ်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပ မည်သည့်နေရာကမဆို ၂၄နာရီ အားတဲ့အချိန်တွေမှာ Internet ချိတ်ဆက်သင်ယူလေ့ကျင့်ရုံပါပဲ။

Course Fees ဘယ်လိုပေးသွင်းရပါမလဲ

Course Fees ကို သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း Bank Transfer လုပ်လို့ရပါတယ်။ Paypal အသုံးပြုမယ်ဆိုရင်လည်း သတ်မှတ် USD Amount အတိုင်း ပေးသွင်းရပါမယ်။ Bank Transfer လုပ်သူများက Course Fees ပေးသွင်းပြီးရင်အကြောင်းကြားပေးပါ။ Activate လုပ်ပေးပါမယ်။ Paypal အသုံးပြုလိုက်သူတွေကတော့ Payment Successful ဖြစ်တာနဲ့ အလိုအလျောက် Activate ဖြစ်သွားပါလိမ့်မယ်။

ဘယ် Bank တွေအသုံးပြုလို့ရပါမလဲ

AYA, KBZ, CB, AGD Bank တွေအသုံးပြုလို့ရပါတယ်။ Bank Account Number ကိုတော့ Login ဝင်ပြီး My Account Page မှဝင်ရောက်ကြည့်ရှုလို့ရသလို သင်တန်းကိုဆက်သွယ်မေးမြန်းလို့လည်းရပါတယ်။ [email protected] ( or ) 09456338200 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Online Learning သင်ယူဖို့ ဘယ် Device သုံးရမလဲ

Computer, Tablet, Phone, Internet TV တွေအသုံးပြုလို့ရပါတယ်။ အဓိကအားဖြင့် Computer, Tablet နဲ့ Internet TV တွေကိုအသုံးပြုပြီးသင်ယူဖို့ Prefer လုပ်ပါတယ်။ Screen ပိုကျယ်တဲ့အတွက် အကျိုးသက်ရောက်မှုပိုမိုသလို မျက်စိနဲ့အာရုံကြောကျန်းမာရေးအတွက်လည်းပိုသင့်တော်ပါတယ်။ Phone ကိုတော့ တခါတရံပေါ့ပေါ့ပါးပါးအသုံးပြုချင်တဲ့အခါပဲသုံးစေချင်ပါတယ်။

Contact Us

 

FAQ Contact Form

Knowledge Base

Our online learning website established in International standard. If you are new entry to online learning, you can read the knowledge base to start online learning.

Articles

You can read articles for online learning here to support you study. How to plan? How to study? and How to use your devices to much more benefits.

Ready to get started?

Get in touch, or sign up an account

Pin It on Pinterest

Shares
Share This