fbpx

KNOWLEDGE BASE

Knowledge Base

Internet Website တွေဝင်ရောက်ကြည့်ရှုအသုံးပြုမှုများသူတွေအဖို့ Sign Up နဲ့ Sign In / Sign Out ကိစ္စတွေဟာလုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်နေပေမယ့် အသုံးပြုမှုနည်းသူတွေကတော့ အနည်းငယ်စိမ်းနေတတ်ပါတယ်။

Sign Up

Website တစ်ခုမှာ ကြည့်ရှုရုံလေးမဟုတ်ပဲ Member အနေနဲ့ ဝင်ရောက်အသုံးပြုဖို့ဆိုရင် Sign Up လုပ်ရပါမယ်။ Personal Information တွေဖြည့်လိုက်ရုံပါပဲ။ တကယ်တော့ Form ဖြည့်ရတာပါ။ အဲဒီမှာအရေးအကြီးဆုံး ၃ခု ရှိပါတယ်။
  1. မိမိအသုံးပြုနေတဲ့ Email ဖြည့်ခြင်း
  2. Username သတ်မှတ်ခြင်း ( သူများယူထားပြီးဖြစ်ပါက ပြောင်းယူရမည်။ )
  3. Password ၂ခါ ရိုက်ရပါမည်။ ( အနည်းဆုံး ၈လုံးသတ်မှတ်သင့်သည်။ )
ပြီးလျှင် Agreement မှာအမှန်ခြစ်ပြီး Sign Up ( သို့ ) Submit တခုခုကိုနှိပ်ရုံသာဖြစ်သည်။ တစ်ခါ Sign Up လုပ်ပြီးလျှင်အသုံးပြုနိုင်ပါပြီ။ တစုံတခုမကိုက်ညီပါက အနီရောင်စာသားဖြင့်လိုအပ်တာကို ညွှန်ပြရေးသားထားတတ်ပြီး ပြန်ပြုပြင်ဖြည့်စွက်ကာ Password ၂ခါ ပြန်ရိုက်ရပါမည်။ အများစုသော Website များတွင် Success ဖြစ်ကြောင်းစာသားပေါ်တတ်ကြပါသည်။ နောက်တခါ ၄င်း Website သို့ဝင်ပါက မိမိဖြည့်စွက်ခဲ့သော User Name နှင့် Password ကိုအသုံးပြုပြီးဝင်ရောက်ရပါမည်။ ( User Name, Password, Email မမေ့ရန်သတိပြုပါ။ အရေးကြီးပါသည်။ )

Login / Sign In

Sign Up လုပ်ထားပြီးသော Website သို့ဝင်ရောက်လိုပါက Sign In / Login ကိုရှာပြီးဝင်ရောက်ရပါမည်။ Login စာမျက်နှာသီးခြားထားတတ်ကြသလို Home Page ( အဖွင့်စာမျက်နှာ ) တွင်လည်းထားတတ်ကြသည်။ မိမိ Sign Up လုပ်စဉ်ကဖြည့်စွက်ခဲ့သော User Name နှင့် Password ကိုအသုံးပြုပြီးဝင်ရောက်ရပါမည်။ တခုခုမှားယွင်းရိုက်မိပါကလုံးဝဝင်ရောက်လို့ရမည်မဟုတ်ပါ။ အားလုံးတိကျစွာရိုက်ရပါမည်။ Security မြှင့်ထားသော Website များတွင် ၃ကြိမ်မှားရိုက်မိပါက မိမိ IP address ( or ) User Name တခုခုကို ၁၅ မိနစ်ခန့် Lock ချထားပါလိမ့်မည်။ ၁၅မိနစ် မိနစ်၂၀ အတွင်းဝင်ရောက်နိုင်ဦးမည်မဟုတ်ပါ။ နောက်မှ ထပ်ဝင်ဖို့ကြိုးစားပါ။

Logout

မိမိအသုံးပြုပြီး ခဏနားမည်ဆိုပါက လုံခြုံမှုအတွက် Log Out / Sign Out လုပ်ခဲ့ပါ။

Forgot Password

Sign In ဝင်သည့် Password ( သို့ ) User Name မေ့သွားပါက “ Forgot Password ( or ) Recover Password ကိုအသုံးပြုပါ။ မိမိ Sign Up လုပ်တုန်းက Email ကိုထည့်သွင်းပြီးပို့ခိုင်းလိုက်ပါ။ System က မိမိ Email ထဲသို့ Password အသစ် ( သို့ ) Password Reset Link အလိုလျောက်ပို့ဆောင်ပေးပါလိမ့်မည်။ Password Reset Link ပို့ပေးထားပါက ၄င်းLink ကိုနှိပ်ပြီး Password အသစ်ကို ၂ခါ ရိုက်ထည့်ရပါလိမ့်မည်။ ဒါဆိုရင်တော့ User Name နဲ့ Password အသစ်ကိုသုံးပြီး ဝင်လို့ရပါပြီ။ တကယ်လို့ မိမိဘာသာမလုပ်တတ်ပါက Website Menu မှ Contact Us စာမျက်နှာသို့သွားရောက်ပြီး Contact Form တွင် မိမိ Email လိပ်စာဖြင့် အကျိုးအကြောင်းရေးသားပြီး Website Administrator သို့ပို့ပါ။ သို့မဟုတ် ဖုန်းဆက်အကြောင်းကြာပြီးအကူအညီရယူပါ။ Web Master ကမိမိကိုယ်တိုင်တောင်းယူတာမှန်ကန်ကြောင်း အထောက်အထားစိစစ်မေးမြန်းပြီး အဆင်ပြေအောင်လုပ်ပေးပါလိမ့်မည်။

FAQ

Frequently Ask Question ( FAQ ) စာမျက်နှာတွင် မိမိဝင်ရောက်ကြည့်ရှုနေသော Website နှင့်ပတ်သက်သည့် မကြာခဏမေးမြန်းတတ်သောအကြောင်းအရာများကို အမေးအဖြေပုံစံဖြင့် ရေးသားထားလေ့ရှိပါသည်။ သိလိုသည့်အကြောင်းအရာများကို သွားရောက်ဖတ်ရှုနိုင်ပါသည်။

Pin It on Pinterest

Shares
Share This