Deprecated: Hook custom_css_loaded is deprecated since version jetpack-13.5! Use WordPress Custom CSS instead. Jetpack no longer supports Custom CSS. Read the WordPress.org documentation to learn how to apply custom styles to your site: https://wordpress.org/documentation/article/styles-overview/#applying-custom-css in /home/grandico/hshonlineschool.com/wp-includes/functions.php on line 6085
Your Target 2018 - ONLINE SCHOOL

Target 2018

Bookkeeping & Accounting ကို Feb မှာစပြီးသင်ယူလေ့ကျင့်ပါက ၄လ ၅လအတွင်းပြီးမြောက်နိုင်ပြီး Accounting နှင့် တန်ဖိုးတွက်ချက်မှုဆိုင်ရာ Cost & Management Accounting ကို ဆက်လက်သင်ယူပြီး 2018 December တွင် Diploma in Accounting LCCI ( UK ) ကိုရယူနိုင်ပါသည်။ 2019 တွင် ACCA Part I ကိုစတင်နိုင်ပါလိမ့်မည်။

Bookkeeping & Accounting ကိုသင်ယူတတ်မြောက်ထားသူများအနေနှင့် အချိန်မဆွဲပဲ Accounting ကိုပြီးမြောက်အောင် ဆက်လက်သင်ယူသင့်ပါတယ်။ နောက်ထပ် ၅လခန့်ကြိုးစားသင်ယူပါလျှင် Accounting နှင့် Cost & Management Accounting ကိုသင်ယူပြီး July or Sep လများတွင် Diploma in Accounting ကိုဖြေဆိုနိုင်ပါလိမ့်မည်။ ဆက်လက်ပြီး ACCA Part I ကို 2018 မှာစတင်နိုင်ပါလိမ့်မည်။

LCCI ( UK ) DA ရထားသူများ Level 3 တက်ရောက်ထားသူများအနေနှင့် ACCA Part I ကို လအပိုင်းအခြားတခုအတွင်းသင်ယူလေ့ကျင့်ပြီးဝင်ရောက်ဖြေဆိုနိုင်ပါသည်။ 2018 အလယ်တွင် ACCA Part I ကိုပြီးမြောက်ကာ Part II ကို 2018 မှာပင်ဆက်လက်သင်ယူနိုင်ပါလိမ့်မည်။

HSH Online Learning တွင်သင်ယူနေကြသူများနှင့် သင်ယူရန်ရည်ရွယ်ထားသူများအတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်အောင် ကြိုးစားဖြည့်ဆည်းပေးလျက်ရှိပါသည်။

  • အချိန်တိုလေးတွေကိုအကျိုးရှိအောင်အသုံးချလိုသူများ၊
  • Accounting ပညာရပ်ကိုတတ်မြောက်လိုသော်လည်းအချိန်ပုံသေမပေးနိုင်သူများ၊
  • မိမိနေအိမ်နှင့် လုပ်ငန်းခွင်မှာပင် Online Learning လုပ်ပြီးသင်ယူလိုသူများ၊
  • မိမိလုပ်ငန်းနှင့် တက်လမ်းအတွက် Accounting အတတ်ပညာကိုသင်ယူရန်လိုအပ်သူများ၊
  • မိမိစာလုပ်လိုသည့်အချိန်များတွင်အချိန်နေရာမရွေး Internet ချိတ်ဆက်ပြီး သင်ယူလေ့ကျင့်နိုင်ပါသည်။

အချိန်ကုန်လူပင်ပန်းသက်သာပြီး မိမိစိတ်တိုင်းကျ သက်တောင့်သက်သာဖြင့်ပညာကိုသင်ယူနိုင်ပါမည်။ နေ့စဉ်ပုံမှန်စာလုပ်သင့်ပါသည်။

Accounting ပညာရပ်တွေကိုသင်ယူမယ်လို့စဉ်းစားထားပါက အချိန်မဆွဲတော့ပဲ February မှာစပြီးသင်ယူလိုက်ပါ။

LCCI ( UK ) ရဲ့ခိုင်မာကျစ်လျစ်တဲ့သင်ရိုးပြဌါန်းချက်တွေက အချိန်အများကြီးမပေးရပဲ တစ်အတွင်း Accounting ကိုတတ်မြောက်သွားစေပါလိမ့်မယ်။

  • ကာလတိုအတွင်းပြီးမြောက်နိုင်ခြင်း
  • ကျစ်လျစ်ခိုင်မာတဲ့သင်ရိုးပြဌါန်းမှုဖြစ်ခြင်း

သင်တန်းသွားတက်ဖို့အချိန်ပုံသေမပေးနိုင်သူ ( သို့ ) Online Learning ပြုလုပ်လိုသူများအတွက် HSH Online Learning က သဘောတရားတွေနားလည်အောင်သင်ပြပေးထားပြီး ပြည့်စုံတဲ့လေ့ကျင့်မှုများလည်း ပြုလုပ်ပေးထားပါတယ်။ Full Course, Online Tests, Written Tests, Past Paper Practice နဲ့ Supporting တွေပေးထားပါတယ်။ နောက်ထပ်လည်းဆက်လက်ကြိုးစားဖြည့်ဆည်းပေးသွားပါဦးမယ်။

HSH Online Learning ကိုယုံကြည်မှုအပြည့်ဖြင့် စတင်သင်ယူခဲ့သူများနှင့် သင်ယူနေသူများ အပါအဝင် အခြားပညာရပ်အသီးသီးကို ကြိုးစားသင်ယူနေကြတဲ့သူများအားလုံး ပညာရပ်ဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ အောင်မြင်မှုအသီးသီးရရှိနိုင်ကြပါစေ……

HOME SWEET HOME

Pin It on Pinterest

Shares
Share This