Deprecated: Hook custom_css_loaded is deprecated since version jetpack-13.5! Use WordPress Custom CSS instead. Jetpack no longer supports Custom CSS. Read the WordPress.org documentation to learn how to apply custom styles to your site: https://wordpress.org/documentation/article/styles-overview/#applying-custom-css in /home/grandico/hshonlineschool.com/wp-includes/functions.php on line 6085
STUDY PLAN - ONLINE SCHOOL

Study Plan ဘယ်လိုဆွဲထားလဲ !

စပြောချင်တာက

ဒီနေ့ကစပြီးကြိုးစားကြပါ။ နက်ဖြန်ကစပြီးကြိုးစားမယ်လို့မတွေးပါနဲ့။

Online Learning လုပ်နေသောသူများနှင့် စလုပ်မည့်သူများအတွက် စာဘယ်လိုလုပ်မလဲ Plan ချထားပါ။

ကိုယ်ပိုင် Plan ရှိနေသူများကို်ယ့် Plan အတိုင်းလုပ်ဆောင်ပါ။ Plan မရှိသေးပါက Plan ချလိုက်ပါ။

  1. Course ကိုကာလသတ်မှတ်ပါ။

Level 1 & 2 Bookkeeping & Accounting ကို ပုံမှန်နေ့စဉ် ( သို့ ) တပတ် ၅ရက် ခန့်အချိန်ယူပြီးသင်ယူလေ့ကျင့်ပါက ၃လအတွင်း ပြီးပြတ်နိုင်ပါသည်။ လေ့ကျင့်မှုအခြေခိုင်စေရန် ၄လခန့်အချိန်ယူသင့်ပါသည်။

Level 3 Learner များကတော့ တပတ်၅ရက်ပုံမှန်လေ့ကျင့်သင်ယူနေရပါမည်။

Accounting ၂ ရက် Cost & Management Accounting ၃ရက် သင်ယူပြီး သင်ယူခဲ့သည်များကို နောက်၂ရက်တွင် ပြန်လေ့ကျင့်သင့်ပါသည်။ အခြေခံခိုင်မာစေရန် Accounting ၃လ နှင့် Cost & Management Accounting ၄လ ခန့်အချိန်ပေးလေ့ကျင့်သင့်ပါသည်။ နောက်မှ Advanced Business Calculation ကိုဆက်လက်လေ့လာသင့်ပါသည်။

2. Online Tests များ

Online Test များကို အခန်းတခန်းပြီးတိုင်းတခါဖြေဆိုရပါမည်။ Test Result များကိုအခြားသူများရမှတ်နှင့် မိမိရမှတ်မြင်တွေ့နိုင်ပါမည်။ ရမှတ်နည်းပါက စာပြန်လေ့ကျင့်ပြီး ထပ်မံဖြေဆိုနိုင်ပါသည်။ သတ်မှတ်ထားသောအချိန်အတွင်းပြီးအောင်ဖြေဆိုရပါမည်။

3. Written Test များ

2018 Jan မှစတင်ပြီး Written Test များကို သင့်တော်သော Course ပြီးမြောက်မှု များအကြားတွင်ထားရှိပါမည်။ သင်ယူပြီးမြောက်ထားသောအခန်းအထိ ဖြေဆိုရပါမည်။ Written Test များကို သတ်မှတ်ပေးထားသော Time Limit အတွင်း သပ်သပ်ရပ်ရပ်နှင့် မှန်ကန်ပြီးမြောက်အောင်ဖြေဆိုပြီး Email Attachment ဖြင့်ပြန်ပို့ပေးရပါမည်။ Email အသုံးနည်းသောလူငယ်များ Email ကောင်းမွန်စွာအသုံးပြုတတ်စေရန်ရည်ရွယ်ပါသည်။

4. Past Paper Practice ( Exam Focus )

Past Paper ( Old Question ) များကို Exam Focus အတွက်မဖြစ်မနေလေ့ကျင့်ရပါမည်။ အဓိကက မိမိကိုယ်တိုင်စဉ်းစားတတ်စေရန် Frame Work ကိုထိန်းသိမ်းလမ်းညွှန်ပေးသွားမည်ဖြစ်ပြီး Course မှာသင်ပေးသလို အသေးစိတ်သင်ပေးမည်မဟုတ်ပါ။ Course လည်းသင် မေးခွန်းဟောင်းလည်းသင်နေပါက မိမိကိုယ်တိုင်လုပ်ကိုင်စဉ်းစားနိုင်မည့်အရည်အချင်းရနိုင်မည်မဟုတ်ပါ။ မေးခွန်းဟောင်းဆိုသည်မှာ သင်ပေးရမည့်အရာမဟုတ်ပဲ သင်ယူသူများကိုယ်တိုင် လုပ်ကိုင်တွက်ချက်နိုင်စေမည့် ကိုယ်စွမ်းကိုယ်စရရှိရန် လေ့ကျင့်ပေးရမည့်အရာဖြစ်ပါသည်။ ချတွက်လေ့ကျင့်ရပါမည်။

ဒီနေ့ကစပြီးကြိုးစားကြပါ။ နက်ဖြန်စာစလုပ်မယ်လို့မတွေးပါနဲ့။

5. Timetable လေးဆွဲပေးပါဆိုရင်တော့

“ အားတဲ့အချိန်တိုင်းစာလုပ်ပါ “

😊

Online Learning လုပ်ခြင်းဖြင့်

  1. မိမိကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း
  2. မိမိကိုယ်ကိုယ် Self Direction ပေးနိုင်ခြင်း
  3. ဇွဲ လုံ့လ ဝီရိယအားထုတ်မှုထက်သန်ခြင်း
  4. အချိန်ကိုအကျိုးရှိစွာအသုံးချခြင်း
  5. မိမိရရှိထားသောအခွင့်အရေးများ (Device & Internet) ကို အရှည်သဖြင့်အကျိုးဖြစ်ထွန်းအောင် အသုံးချနိုင်ခြင်း

စသည့်ကိုယ်ရည်ကိုယ်သွေးများကတိုးတက်မှုအောင်မြင်မှုများကိုရယူပေးနိုင်ပါလိမ့်မည်။

HOME SWEET HOME Onsite နှင့် Online Learning တွင်သင်ယူသူများအပါအဝင် အခြားပညာရပ်နယ်ပယ်အသီးသီးမှာကြိုးစားအားထုတ်နေသူများ ပညာရေး ကျန်းမာရေး အလုပ်အကိုင်နှင့် လူမှုရေးကိစ္စအဝဝတို့ကို နှစ်သစ်2018 နှင့်ရှေ့ဘဝလမ်းခရီးတလျောက်တွင်လည်း မိမိတို့လိုချင်သောအရာရာကို ဆက်လက်ကြိုးစားရယူနိုင်ကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

HOME SWEET HOME ( ACCA & LCCI )

www.lccihomesweethome.com

www.hshonlineschool.com

info@hshonlineschool.com

Pin It on Pinterest

Shares
Share This