fbpx

Computer System Set Up for YOU

မဂ်လာပါ။ Home Sweet Home သင်တန်းကကြိုဆိုပါတယ်။
အခုဆောင်းပါးကတော့ Computer ဝယ်တော့မယ်ဆိုမှ ရွေးရခက် ဘာရွေးရမှန်းမသိသူတွေအတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့် Hardware Knowledge မရှိသေးသူတွေဖတ်သင့်ပါတယ်။ အခုဆောင်းပါးမှာ မှတ်ရပြောရရွေးချယ်ရအလွယ်ဆုံး Intel CPU နဲ့ပဲစံထားပြောပါမယ်။

Online Learning Network

Set Up 1

Intel Pentium (or) Celeron (Latest Gen)
Memory DDR4 2GB
HDD 500GB
Graphic Card with or without
Laptop Monitor 14″
Desktop Monitor 20″

Online Learning Network

Set Up 2

Intel Core i3 8Gen (8Gen or above)
Memory DDR4 4GB
HDD 500GB or 1TB
Graphic GT or GTX 10 series
Laptop Monitor 14″ / 15″
Desktop Monitor 24″

Online Learning Network

Set Up 3

Intel Core i5 / i7 (8Gen or above)
Memory DDR4 8GB/16GB
SSD 240 + HDD 2TB or more
Graphic GTX 1070 and above
Laptop Monitor 15″
Desktop Monitor 24″ or 27″

အဓိကအချက်ကကွန်ပျူတာတစ်စုံဝယ်ယူတဲ့အခါ ကိုယ်အသုံးပြုမယ့်ရည်ရွယ်ချက်နဲ့ကိုက်ညီဖို့ အရေးကြီးပါတယ်။ လိုတာထက်လည်းအများကြီးပိုမနေသင့်သလို လိုအပ်ချက်နဲ့ မကိုက်ညီရင် ပိုပြီးအခက်တွေ့တတ်ပါတယ်။ လိုတာထက်များများပိုတဲ့ Specification တွေရွေးမိရင် ငွေအပိုကုန်ပါမယ်။ လိုတာထက် လျှော့ဝယ်မိရင်လည်းမကြာခင်နှစ်အပိုင်းလေးအတွင်းမှာတင် ၂ခါကုန်တတ်ပါတယ်။ အဲဒီနေရာမှာ ယောကျ်ားလေးတွေအနေနဲ့ပိုသတိထားရပါတယ်။ Computer ကိုအခုမှစသုံးမှာဖြစ်ပေမယ့် ခြေလှမ်းတွေမြန်တတ်တဲ့အတွက် ပိုကောင်းတဲ့ PC Hardware တွေကိုမကြာမတင်မှာပဲလိုအပ်လာတတ်ပါတယ်။

I Need More CPU Core and RAM

Basic Idea

မိန်းခလေးတွေ Computer ဝယ်တဲ့အခါ Notebook/Laptop ပါးပြီးအရောင်လှတာလေးတွေကိုသဘောကျတတ်ကြပါတယ်။ ကိုယ်သုံးမယ့် Budget နဲ့လည်းကိုက်မယ်ဆိုရင် အလွယ်တကူ ရွေးလိုက်တတ်ကြပါတယ်။ တပ်ဆင်ထားတဲ့ Hardware build ကိုပါကြည့်ပြီး ရွေးချယ်ဖို့အကြံပြုပါတယ်။

ယောကျ်ားလေးတွေကတော့ သိတဲ့အတိုင်းပါပဲ။ Game ကောင်းကောင်းကစားဖို့ဆိုတာကစပြောပါတယ်။

အဲဒီနေရာမှာသတိပြုရမှာက Gaming Laptop တွေ ဘယ်လိုအဆင့်မြင့်တယ် ဘယ် Game တွေကို ဘယ် setting နဲ့ FPS ဘယ်လောက်နိုင်တယ် စသည်ဖြင့်မွှမ်းပေမယ့် Gaming အတွက်ဆိုရင်တော့ Desktop က Desktop ပါ Laptop က Laptop ပါပဲ။ ထားပါတော့…. ဆက်ပြောကြရအောင်

Pink accountant Laptop
LCCIOnline Leanring

Budget PC System

ကိုယ့်ဘာသာမုန့်ဖိုးစုပြီးဝယ်မယ့်ကျောင်းသူ/သားတွေ၊ Online Learning လုပ်ဖို့ အခြေခံမဖြစ်မနေသုံးရမယ့် Word, Excel, Power Point  ေတွနဲ့ Internet သုံးဖို့လောက်ပဲဆိုရင်တော့ ဖေါ်ပြထားတဲ့ Setup တွေထဲက Set Up 1 ကိုရွေးသင့်ပါတယ်။ အဲဒီ Set Up ဝယ်ထားတဲ့သူတွေ အခုထက်ပိုပြီးသွက်သွက်လေး ချောချောညက်ညက်လေးအသုံးပြုချင်ရင်တော့ Hard Disk ကို SSD ပြောင်းတပ်ရင်သင့်တော်ပါတယ်။ Online Learning ကိုကောင်းမွန်စွာလုပ်နိုင်ပါမယ်။

Accountant တွေအတွက်ကတော့ Excel မှာ Graph တွေ Chart တွေ မျိုးစုံနဲ့ Power Point Presentation

For Accountant

Accountant တယောက်အတွက် ယေဘုယျအားဖြင့် Intel Core i3 8th Generation နဲ့ အထက်ဆိုရင်သင့်တော်ပါတယ်။ Memory ကတော့ 4GB ထက်မနည်းသင့်ပါဘူး။ Accountant တွေအနေနဲ့ အဓိကသုံးမှာက Microsoft Excel နဲ့ Accounting Software တခုခုပါ။

အပေါ်မှာ ဖေါ်ပြထားတဲ့အထဲက Set Up 2 ကိုရွေးချယ်သင့်ပါတယ်။

Excel သုံးတဲ့အခါ များစွာသော Data Entry / Transaction တွေနဲ့ Work Sheet တွေ Formula အတွက်အချက်တွေ ကို CPU နဲ့ Memory ကကောင်းမွန်စွာHandle လုပ်နိုင်ရပါမယ်။ Desktop CPU တွေမှာတော့ 8th Gen Core i3 က အရင်တုန်းက Core i5 Level တန်းကိုရောက် လာပါတယ်။

Accountant တွေမှာ တာဝန်အမျိုးမျိုးခွဲယူကြတာတွေရှိတာကြောင့် Data Entry သာသွင်းတဲ့ Accountant  အတွက် Graphic Card မပါလည်းဖြစ်ပါတယ်။ ဒါပေမယ့် Reporting အတွက် ပြင်ဆင်ပေးရတဲ့ Senior Accountant နဲ့ Chief Accountant တွေ အတွက်ကတော့ Excel မှာ Graph တွေ Chart တွေ မျိုးစုံနဲ့ Power Point Presentation တွေပါလုပ်ကြရပါမယ်။ အဲဒီကိစ္စတွေအတွက် နိုင်နိုင်နင်းနင်းလုပ်နိုင်အောင် Graphic Card ပါသင့်ပါတယ်။

CPU Core i3 နဲ့ Internet Surfing  ကို သာသာယာယာလုပ်နိုင်တဲ့အတွက် Cloud Base Accounting Software တွေချောမွေ့စွာအသုံးပြုနိုင်ဖို့လည်း အေးအေးဆေးဆေးပါပဲ။ Memory 4GB စိုက်ပြီး Windows 10 64bit သာတင်လိုက်ပါ။

” Accountant တင်မက Online learning လုပ်မယ့် ကျောင်းသူ/သားတွေအတွက် Specification ကောင်းကောင်းတခုအနေနဲ့အသုံးပြုသင့်ပါတယ်။ “

Desktop ဆိုရင်တော့ လိုချင်တာတွေရွေးချယ်စိုက်လို့ရပေမယ့် Laptop Notebook ဆိုရင်တော့ အဲဒါတွေနဲ့နီးစပ်တာကိုရွေးချယ်ရပါမယ်။ ပိုမိုချောမွေ့ညက်ညောချင်ရင်တော့ Hard Disk အစား SSD ကိုသုံးလိုက်ပါ။

For Gamer and Graphic Design Work

Gamer နဲ့
Graphic Designer Video Editor တွေအကြိုက်ကတော့

သူတို့အတွက်ကတော့ Computer ဟာဖြည့်လိုမပြီးနိုင်တဲ့ အရာတခုပါ။ တခုပြီးတခု ထပ်တိုးအဆင့်မြှင့်ချင်နေတာပါ။

 Computer Hardware Manufacturer တွေရဲ့ Top Level Client တွေလို့တောင်တင်စားလို့ရနိုင်လောက် ပါတယ်။

CPU Generation လည်းမြင့်ရမယ်။ Core အရေအတွက်များချင်တယ်။ Hyper-threading လည်းပါမယ်။ Overclock လည်းလုပ်လို့ရမယ်။ ပြောရရင်နောက်ဆုံးပေါ် model အမြင့်ဆိုပိုကြိုက်တယ်။ DDR4 Memory ကိုမှ Frequency မြင့်လေကြိုက်လေပဲ။ Professional သုံးမယ့်သူဆို 16GB Memory နဲ့အထက်လိုအပ်ပါမယ်။ Graphic Card Series အသစ်ထွက်လာရင်လည်း မဟောင်းသေးတဲ့ ကတ်အဟောင်းပြန်ရောင်းပြီး အသစ်ဝယ်စိုက်ကြပါသေးတယ်။

သူတို့အတွက်က Set Up 3 နဲ့ 4 ပါ။  Accountant နဲ့ Online learning လုပ်မယ့်သူတွေအတွက်ရေးတာဖြစ်လို့ Gaming  နဲ့ Pro အတွက်အသေးစိတ်တော့မရေးတော့ပါဘူး။

“အခုဆောင်းပါးက မိမိတို့အတွက် Knowledge တိုးစေမယ်ဆိုရင် မိမိပတ်ဝန်းကျင်သူများတွေအတွက်လည်းအထောက်အကူဖြစ်‌အောင် share လုပ်ပေးခဲ့ပါဦး”

 

ဆောင်းပါးအဆုံးအထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ အားလုံးပဲမိမိတို့လုပ်ငန်းဆောင်တာတွေကိုအဆင်ပြေပြေနဲ့ ပြီးမြောက်ကြပါစေ…..

 We Stand For You

Home Sweet Home

 

CPU for online leanring PC
CPU

Intel Core series
AMD Ryzen

Memory

DDR4 Memory

Graphic

Nvidia RTX
AMD Radeon

Hard Disk

HDD
SSD
NVMe SSD

Computer Specification for Accountant

Have a nice day 🙂

Pin It on Pinterest

Shares
Share This