fbpx

ကျန်းမာရေးဟာလာဘ်ကြီးတပါးလို့ပြောကြလေ့ရှိပါတယ်။ မှန်လည်းမှန်ပါတယ်။ ကျန်းမာမှအစစအရာရာလုပ်ဆောင်နိုင်မှာပါ။

? ရာသီဥတု၊ သဘာဝအန္တရာယ်၊ အစားအသောက်၊ အသွားအလာ နေထိုင်မှုတွေ နဲ့ပတ်သတ်ပြီး ကျန်းမာရေးဂရုပြုကြပါတယ်။ အခုကာလမှာပိုမို ဂရုပြုစရာလေးတွေ ရှိလာပါတယ်။ သင်တန်းသူ/သားတွေကိုအရင်က ပြောလေ့ရှိပါတယ် အအိပ်အစားမှန်ပါစေ။ အိပ်ရေးဝပြီးလန်းဆန်းနေမှ ပညာသင်တဲ့အခါ အလုပ်လုပ်တဲ့အခါ စိတ်ကြည်လင်ပြီးပိုထိရောက်ပါတယ်။
နာရီဝက်လောက်စာလုပ်လည်း နာရီဝက်စာလုပ်သလောက် အပြည့်အဝနားလည်ပါတယ်။ တစ်နာရီစာလုပ်လည်း တစ်နာရီစာအပြည့်အဝ သင်ယူနားလည်နိုင်ပါမယ်။ အိပ်ရေးမဝလို့ကတော့ စာလုပ်ပေမယ့် ချာလပတ်လည်နေမှာပါပဲ။ ကျန်းမာရေးပါထိခိုက်လာပါမယ်။ ဒါကြောင့်သင်တန်းသူ/သားတွေအနေနဲ့ ကျန်းမာရေးဂရုပြုဖို့လိုပါတယ်။
နောက်တခုက အခုကာလမှာ သင်တန်းတွေကလည်း Online Learning တွေဖြစ်လာကြပါတယ်။ အဲ့တော့ Electronic Device တခုခုကိုအသုံးပြုပြီး သင်ယူကြရပါတယ်။ သင်တန်းသူ/သားတွေအနေနဲ့ အသုံးပြုမယ့် Device သေချာရွေးချယ်ဖို့လိုပါတယ်။ Smart Phone တွေလူတိုင်းလက်ထဲရှိတယ်။ တချို့ iPad နဲ့ Tablet တွေရှိတယ်။ တချို့ Computer တွေ Laptop notebook (သို့) Desktop ရှိကြပါတယ်။
Accounting

Why Larger Screen?

? Smart Phone : ပေါ့ပေါ့ပါးပါး သွားလာရင်း အပြင်သွားလာရင်း Learning လုပ်လို့အဆင်ပြေပါတယ်။
iPad & Tablet : အပြင်သွားလာရင်း ခရီးထွက်ရင်း အိမ်မှာလှဲလျောင်းရင်း Learning Device အနေနဲ့အသုံးပြုလို့သင့်ပါတယ်။
?? Computer ရှိမယ်ဆိုရင်တော့ အိမ်မှာနေရင်းစာလုပ်ရင် Computer (Laptop Notebook သို့မဟုတ် Desktop) အသုံးပြုသင့်ပါတယ်။ Screen Size ကျယ်တဲ့အတွက် မျက်စိ အာရုံကြော ထိခိုက်မှုသက်သာတယ်လို့ပြောလို့ရပါတယ်။
? ဒါပေမယ့် ဘယ် Device ကိုသုံးသုံး Screen Brightness အလင်းလျှော့ထားသင့်ပါတယ်။ အားသွင်းရင်းမသုံးသင့်ပါဘူး။
? Smart Phone နဲ့ Tablet တွေက မျက်နှာပြင်သေးငယ်တဲ့အတွက် သင်ကြားမှုအတွက် အာရုံအပြည့်အဝမရနိုင်ပါဘူး။ မျက်စိအာရုံကြောတွေ ကြာရင်ထိခိုက်နိုင်ပါတယ်။ Social Media Notification တွေကလည်းဝင်လာတတ်သေးတော့ မကြာခန အာရုံပျံ့လွင့်နိုင်ပါတယ်။ အပြင်ရောက်နေတဲ့အချိန်ပဲ ပေါ့ပေါ့ပါးပါးအသုံးပြုသင့်ပါတယ်။
Level 2 Online learning

The Device I Like

ကျွန်တော်အကြိုက်ဆုံးကတော့ TV Screen ပါပဲ။ အခု TV အများစုက Internet ချိတ်ဆက်လို့ရလာပါတယ်။ Internet ချိတ်လို့မရတောင် HDMI cable သုံးပြီး Computer နဲ့ Connection လုပ်လို့ရလာပါတယ်။ TV Screen က Computer Screen ထက်ပိုကျယ်ပြန့်တဲ့အတွက် စာလုပ်တဲ့အခါ ပိုမိုသက်သောင့်သက်သာဖြစ်ပါတယ်။ အာရုံအရမ်းမစိုက်ရပါဘူး။ သင်ကြားမှုကိုအာရုံများများပေးနိုင်ပါတယ်။ ပိုမိုကောင်းမွန်စွာသင်ယူနိုင်ပါလိမ့်မယ်။

Practice, Practice, Practice!!!

?✏️ နောက်ဆုံးပြောချင်တာက ဘယ် Device ကိုသုံးသည်ဖြစ်စေ သင်ကြားမှုတွေကို ပြန်လှန်စဉ်းစားတွေးတောဖို့ ချတွက်လေ့ကျင့်ဖို့ ချရေးလေ့ကျင့်ဖို့ အချိန်တော့ပေးရပါမယ်။
? အားလုံးပဲကျန်းမာရေးဂရုပြုရင်းရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါစေ

Home Sweet Home

Pin It on Pinterest

Shares
Share This