fbpx

WE STAND FOR YOU

မင်္ဂလာပါ

HOME SWEET HOME Online Learning မှကြိုဆိုပါတယ်…..

HOME SWEET HOME Online Learning မှသင်ကြားမှုများမှာ အဓိကအားဖြင့် စာရင်းနှင့် စီးပွားရေးပညာရပ်ဆိုင်ရာများကို တတ်မြောက်နားလည်ရန် အဓိကဦးတည်သင်ကြားသလို LCCI UK Exam ဝင်ရောက်ဖြေဆိုပြီး International Qualifications Certificates and Diploma များရယူနိုင်ရန် ရည်ရွယ်ပြီး စနစ်တကျသင်ကြား လေ့ကျင့်ထားပေးပါတယ်။

စာရင်းပညာရပ်ဆိုင်ရာသင်ယူသူများကို သင်တန်းတက်ရောက်ချိန်အပြင် နေအိမ်၊ ရုံး၊ ရုံးအသွားအပြန်လမ်း၊ ကျောင်းအသွားအပြန်၊ အလုပ်ခရီးထွက်နေစဉ်၊ နေ့ ည မရွေး ၂၄နာရီ မိမိတို့သင်ယူလေ့ကျင့်လိုသည်များကိုအချိန်နေရာမရွေးသင်ယူနိုင်စေရန်ရည်ရွယ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် လွှင့်တင်ထားသော Online Learning website များနှင့်အဆင့်မှီ HSH Online Learning ကိုလွှင့်တင်ခဲ့ပါတယ်။ သင်တန်းသားများသာမက ပြည်တွင်း ပြည်ပမှ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းသွားတက်ရန် မအားလပ်သူများကိုလည်း သင်ရိုးအစအဆုံး Test နှင့် မေးခွန်းဟောင်းများပါပြည့်စုံစေပြီး သင်ယူဖြေဆိုနိုင်စေခဲ့ပါတယ်။ လူငယ်များကိုလည်း Internet ကိုအကျိုးရှိစွာအသုံးချပြီး ပညာရပ်များသင်ယူလေ့လာမှုပြုစေချင်ပါသည်။ အချိန်ပိုင်းလေးများက အတတ်ပညာတခုကိုဖြစ်ထွန်းစေပါလိမ့်မယ်……

WE STAND FOR YOU

HOME SWEET HOME

Individual Online Learning

HSH Online Learning Website မှာ သင်တန်းသားများအနေနဲ့ မိမိတို့ရဲ့  Username နှင့် Password များအသုံးပြုဝင်ရောက်ပြီး သင်ယူလေ့ကျင့်ရပါမယ်။ Lecture, Exercise, Online Tests, Written Tests နှင့် Past Paper practice များကိုလည်း စနစ်တကျ စီစဉ်ပေးထားတဲ့အတွက် အစဉ်အတိုင်း သင်ယူသွားရုံပါပဲ။ အရင်က Online Learning အသုံးမပြုခဲ့ဖူးပေမယ့် ရိုးရှင်းလွယ်ကူစွာအသုံးပြုနိုင်ပါတယ်။

Classrooom Lessons

သင်ခန်းစာများကိုလည်း အပြင်မှာသင်ပေးတဲ့အတိုင်းစိတ်လက် ပေါ့ပါးစွာသင်ယူလေ့ကျင့်နိုင်ပါတယ်။ Transaction တခုချင်းသင်ပြပေးထားတဲ့အတွက် နားလည်လွယ်ပြီး ကြိုးစားသင်ယူပါက ကာလတိုအတွင်း ပြီးမြောက်အောင်မြင်နိုင်ပါတယ်။

We Care You

HSH Online Learning Website မှာပြည့်စုံတဲ့သင်ကြားမှု လေ့ကျင့်မှုအပြင် Control အတွက် Online Test နှင့် Written Test များထားရှိပေးတဲ့အတွက် မိမိတို့ လေ့ကျင့်သင်ယူမှုကိုစစ်ဆေးမွမ်းမံနိုင်ပါတယ်။ သင်တန်းကလည်း ကျောင်းသူ/သားတွေရဲ့ စာလုပ်နှုန်းနဲ့ ရမှတ်တွေ Written Test တွေကိုစစ်ဆေးပေးတဲ့အတွက် လိုအပ်တာတွေကို မွမ်းမံဖြည့်ဆည်းလမ်းညွှန်မှုပေးနိုင်ပါတယ်။ ကျောင်းသူ/သားတွေနဲ့ မကြာခဏအဆက်အသွယ် ရှိနေတဲ့အတွက် Exam အတွက်လိုအပ်တာကိုဖြည့်ဆည်းပေးနိုင်ပါတယ်။

Education is in Our Blood

သင်ကြားမှုပြုရာမှာ LCCI နှင့် ACCA International Qualifications Exam များဝင်ရောက်ဖြေဆိုရာတွင် ရှိသင့်သည့်နှုန်းများအတိုင်း သင်ကြားပို့ချထားပေးပါတယ်။ သဘောတရားပိုင်း ကျိုးကြောင်းဆက်စပ်မှုများကိုနားလည်ဖို့လိုပါတယ်။ ထိုသို့နားလည်တတ်မြောက်ထားခြင်းဖြင့် Exam Focus အတွက် မေးခွန်းဟောင်းများလေ့ကျင့်ရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။

Knowledge Base

Our online learning website established in International standard.

If you are new entry to online learning, you can read the knowledge base to start online learning.

Articles

You can read articles for online learning here to support you study.

How to plan? How to study? and How to use your devices to much more benefits.

Ready to get started?

Get in touch, or sign up an account

Pin It on Pinterest

Shares
Share This