fbpx
Cost နဲ့ Benefit ဆိုရာမှာ Cost တခုအကုန်အကျခံလိုက်တိုင်း တန်ပြန် Benefit တခုတော့ရှိစမြဲဖြစ်သလို Benefit ကလည်းများသင့်တယ်ဆိုတာလေးသတိချပ်စေချင်ပါတယ်။
သိနားလည်နေပြီးသူတွေရှိသလို တချို့လူငယ်တွေသတိမထားမိတာတွေရှိနေလို့သတိလေးလက်တို့လိုက်ပါတယ်။
အခုဒီစာဖတ်နေတဲ့ဖုန်းမျက်နှာပြင်ကျယ်လားကျဉ်းလားသတိထားကြည့်ပါ။ ဒီဖုန်းအတွက်ကုန်ကျထားတဲ့ဝယ်ဈေးဘယ်လောက်ကုန်ကျထားပါသလဲ။ လူငယ်အများစုတန်ဖိုးကြီးတဲ့ဖုန်း မျက်နှာပြင်ကျယ်တဲ့ဖုန်းတွေ စတိုင်လ်ကျကျကိုင်ရတာသဘောကျကြပါတယ်။ Costတွေကတော့မနည်းလှပါဘူး။ အမျိုးမျိုးတွေ့ရပါတယ်။
အဲဒီဖုန်းကို ဘယ်လိုအသုံးပြုပါသလဲပြန်တွေးကြည့်စေချင်ပါတယ်။
#1. Phone ပြောမယ်၊ Message ပို့မယ် Phone တစ်လုံးရဲ့ကနဦးနဲ့ရာနှုန်းပြည့်ရည်ရွယ်ချက်ပါ။ လူတိုင်းသုံးပါမယ်။
#2. Internet ချိတ်တယ်။ ( ဘာသုံးလဲပြန်စဉ်းစားပါ။ ) Internet ချိတ်ပြီး Social အတွက် Facebook လူတိုင်းနီးပါးသုံးတယ်။ Instagram, Twitter သုံးမယ်။ အလုပ်အတွက်အချိတ်အဆက်ရဖို့ Business Purpose သုံးမယ်။
Video တွေရှာတယ် သီချင်းတွေရှာတယ်။ Download ဆွဲတယ်။
ထပ်စဉ်းစားပါ Email ပို့တတ်ပါလား။ အလုပ်လျောက်တဲ့အခါ Email နဲ့ CV ပို့ပါဆိုရင်အဆင်သင့်ဖြစ်ပြီလား။
Email Address နဲ့ Password မှတ်မိပါသလား။
Email လိပ်စာတောင်းတဲ့အခါ Email မရှိဘူး Gmail ပဲရှိတယ်ဖြစ်လားလို့ပြန်မေးဖူးပါသလား။ Gmail နဲ့ Email မတူဘူးလို့ထင်နေပါသလား။
Website Address ကို ဘယ်မှာရိုက်ရတယ်ဆိုတာသိပါသလား။ ( Internet Browser သုံးဖူးပါလား )
ဘယ် Browser ကကိုယ့်ဖုန်းနဲ့ အဆင်အပြေဆုံးပါလဲ သတိထားမိပါသလား။
Google Search Engine ကနေကိုယ်သိချင်တာတွေ ( Information ) ကိုရှာဖွေအသုံးပြုလေ့ရှိပါသလား။
အသုံးဝင်မယ့် Website တခုခုရဲ့လိပ်စာမှတ်မိပါသလား။
ဒါတွေအားလုံးကိုယ်လုပ်နေကျဆိုရင်တော့အင်မတန်တွင်ကျယ်အောင်အသုံးပြုနိုင်တဲ့ user တယောက်ပါ။
အခုပြောလိုက်တာတွေကကိုယ်နဲ့စိမ်းနေတယ်ဆိုရင်တော့ အဲဒီဖုန်းကိုဈေးကြီးပေးဝယ်ထားရတာအရှုံးပေါ်ပါတယ်။ Cost နဲ့ Benefit မမျှပါဘူး။

Cost < Benefit

Gain ကနေ့စဉ်နဲ့အမျှပိုပိုသာသာရှိနေရပါမယ်။ Benefit ကသာရပါမယ်။ ဒီဖုန်းကို ငွေကုန်ခံပြီးဝယ်ယူအသုံးပြုထားတဲ့အတွက် အဲဒီဖုန်းကိုအသုံးပြုပြီး ကိုယ့်ရဲ့တက်လမ်းအတွက် အထောက်အပံ့အဖြစ်အသုံးချနိုင်ရပါမယ်။ ဒါမှတန်ပါမယ်။
ခုခေတ်ဖုန်းတွေအားသာချက်အများကြီးရှိပါတယ်။
#1 ဖုန်းလိုင်းကောင်းပြီး Phone Charges သက်သာပါတယ်။ SMS မြန်မြန်ရိုက်နိုင်ပါတယ်။
#2 Battery ကလည်းတနေကုန်အသာလေးသုံးလို့ရပါတယ်။
#3 Internet လိုင်းကောင်းပြီး 4G LTE ကြောင့်ချိတ်ဆက်အသုံးပြုမှုတွေက မျက်တောင်တခတ်လောက်ဆိုရမလားပါပဲ။
#4 Screen ကျယ်ပြန့်တဲ့အတွက် မြင်ကွင်းရော ရုပ်ထွက်ပါချောမွေ့ကောင်းမွန်လှပါတယ်။

အကျိုးရှိအောင်ဘာတွေဘယ်လိုသုံးကြမလဲ

HSH Online Learning Knowledge Base

No: 1 >>> Google Search Engine ကိုတွင်တွင်အသုံးပြုကြည့်ပါ။

ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်အတွက်အသုံးဝင်မယ့် နည်းလမ်းတွေ လုပ်ထုံးလုပ်နည်းတွေ လမ်းညွှန်ထားတဲ့ Website တွေအများကြီးရှိပါတယ်။ Google, Bing, Yahoo Search Engine တွေကစုစည်းပေးထားပါတယ်။ ကိုယ်ကအသုံးပြုဖို့သာလိုတာပါ။
ကိုယ်တက်ရောက်သင်ယူလေ့လာနေတဲ့ပညာရပ်အတွက်လွှင့်တင်ထားတဲ့ Website တွေအများကြီးပါ။
အချိန်မပေးနိုင်လို့သင်တန်းသီးခြားသွားမတတ်နိုင်တဲ့ပညာရပ်တွေနဲ့ ကိုယ်ဝါသနာပါလို့သင်ယူတတ်မြောက်ချင်တဲ့ပညာရပ်တွေကို Website တွေကနေ သင်ယူပြီးကျွမ်းကျင်အဆင့်ရောက်သွားနိုင်ပါတယ်။
www.google.com ကနေ သိချင်တဲ့အကြောင်းအရာကိုရိုက်ထည့်ပြီးရှာလိုက်ပါ။ ကိုယ်သိချင်တာနဲ့ ပတ်သက်ပြီးဖေါ်ပြထားတဲ့ Website တွေအများကြီးကျလာပါလိမ့်မယ်။ အဲဒီ Website တွေတခုပြီးတခုဝင်ဖတ်လေ့လာပါ။ နှိုင်းယှဉ်ပါ။ ပြန်စဉ်းစားပါ။ ပြန်ဖတ်ကြည့်ပါ။ အနည်းဆုံး Website ၅ခု ၆ခုလောက်တော့ဝင်ဖတ်သင့်ပါတယ်။ ရေးသားဖော်ပြထားတဲ့ Scope မတူသလို ရှုဒေါင့်မတူတာတွေလည်းရှိလို့ပါ။ စုံစုံလင်လင်သိရအောင် များများဖတ်သင့်ပါတယ်။ တချို့ Website တွေကတိမ်တိမ်ရေးတယ် တချို့ကနက်နက်ရေးတယ် တချို့ကကျဉ်းကျဉ်းရေးတယ် တချို့ကအကျယ်ချဲ့ရေးတယ်။ တချို့ကစာသဘောပညာရပ်ဆန်ဆန်ရေးတယ်။ တချို့ကလက်တွေ့ဆန်ဆန်ရေးတယ်။ အကြောင်းအရာမျိုးစုံ ရှုဒေါင့်မျိုးစုံသိခွင့်ရသွားပါလိမ့်မယ်။
မျက်စိထဲမြင်အောင် ပုံတွေကိုလည်းကြည့်လို့ရပါတယ်။ Image နှိပ်လိုက်ရင်ကိုယ်ရှာတဲ့အကြောင်းအရာအတွက် Image တွေချည်းပြပေးပါလိမ့်မယ်။

No: 2 >>> YOUTUBE ကနေ ဘယ်လိုလုပ်မလဲဆိုတာလက်တွေ့ကျကျကြည့်သင်လို့ရပါတယ်။

www.youtube.com မှာတချို့ပစ္စည်းတွေဘယ်လိုသုံးရမလဲ ကိုယ်ဝယ်မယ့်ပစ္စည်းမှာ ဘယ် Function တွေပါလဲ ဘယ်လိုတပ်ဆင်ရမလဲ ကိုယ့်အတွက်ဇဝေဇဝါဖြစ်နေတဲ့ကိစ္စတွေကို YOUTUBE ကနေကြည့်လို့ရပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာတွေကိုပါ အပိုင်းတိုလေးတွေအနေနဲ့ တပိုင်းချင်း တစချင်း ရှင်းရှင်းလင်းလင်းသိမြင်သွားအောင်သင်ယူလို့ရပါတယ်။ အကျိုးကြီးမားလှပါတယ်။

No:3 >>> Wikipedia ကိုလည်းမမေ့ပါနဲ့။

တကမ္ဘာလုံးနဲ့ဆိုင်တဲ့အကြောင်းအရာအားလုံးကို www.wikipedia.org မှာ ရှာဖွေသင်ယူလို့လည်းရပါသေးတယ်။ ဗဟုသုတရစရာအများကြီးပါ။ အကြောင်းအရာတခုနဲ့ပတ်သတ်ပြီး သမိုင်းကြောင်းအစကစပြီးမျက်မှောက်ကာလအထိသေချာတင်ပြ ရှင်းပြထားတာတွေ့ရပါလိမ့်မယ်။
အဲဒီ ၃ ခုကိုကျင်လည်စွာအသုံးချနေပြီဆိုရင်တော်တော်ကြီးခရီးရောက်ပါတယ်။
ကိုယ့်အတွက်အသုံးဝင်တဲ့ Website တွေလည်းအများကြီးရှိပါတယ်။ Website လိပ်စာတွေမှတ်သားတတ်အောင်သတိပြုပါ။ မျက်နှာပြင်ကျယ်တဲ့ Device တွေ၊ Battery တာရှည်ခံတဲ့ Device တွေ၊ ကောင်းမွန်တဲ့ Internet လိုင်းတွေရှိနေတာပဲ Internet ကနေ ၂၄ နာရီချိတ်ဆက်သင်ယူဖို့အခွင့်အလမ်းအများကြီးပါ။
အခုသုံးနေတဲ့ Device ကို ကိုယ့်အတွက်ဘယ်လိုအကျိုးရှိအောင်အသုံးချမယ်ဆိုတာကတော့ Device ပိုင်ရှင်ရဲ့ အမြင်အတွေးပေါ်မူတည်ပါတယ်။ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မှ ကုန်ရကျိုးနပ်ပြီး အကျိုးဖြစ်ထွန်းမှုများပါမယ်။ အခုပြောသွားတဲ့ကိစ္စအားလုံး စာဖတ်နေသူရဲ့ လက်ထဲမှာရှိနေပါတယ်။
လူငယ်များအားလုံးရဲ့အချိန်တွေကိုတန်ဖိုးထားသောအားဖြင့်အပြုသဘောရေးသားပါသည်….

HOME SWEET HOME

Pin It on Pinterest

Shares
Share This